peoplepill id: zo-zam
ZZ
Myanmar
5 views today
5 views this week
Zo Zam
Burmese cartoonist

Zo Zam

The basics

Quick Facts

Intro
Burmese cartoonist
Places
Work field
Birth
Age
69 years
The details (from wikipedia)

Biography

ကာတွန်းဇိုဇမ်သည် ချင်းတိုင်းရင်းသား ကာတွန်းဆရာ တစ်ယောက်ဖြစ်သည်။ ချင်းတောင်တန်း ထုတ်လိုင်ရွာတွင် ၁၉၅၆-ခု၊ ဇွန်လ၊ ၂၄-ရက်တွင် အဖ ဦးစီမန်ထောင်းနှင့် အမိဒေါ်ကျင်းခိုမန်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း - ၁၁ ယောက်ရှိပြီး အမည်ရင်းမှာ ဇမ်ကျင်ပေါ် ဖြစ်သည်။

ငယ်ဘဝ

ငယ်စဉ်က ထုတ်လိုင် အထကတွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ဗန်းတဲ့ အလကတွင် ဆက်လက်ပညာဆည်းပူးသည်။ ရန်ကုန်သို့ပြောင်းကာ လမ်းမတော် အထက(၁)တွင် ဆယ်တန်းအောင်မြင်သည်။ တက္ကသိုလ်ပညာကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် သင်ယူခဲ့သည်။ ၂၀၀၈တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ဖွံ့ဖြိုးရေးမဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။စက်မှုသိပ္ပံ(ချောက်)၌လည်း ပညာသင်ယူခဲ့သည်။ အနောက်ဂျာမဏီနိုင်ငံရှိ S.L.V(Mannheim)တွင် ပညာဆက်လက် သင်ယူသည်။

ကာတွန်းဇိုဇမ်သည် ကာတွန်းဆွဲခြင်းအပြင် ကာတွန်းနှင့် ပတ်သက်သော စာပေများကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ၁၉၈၆-ခုနှစ်(ဒီဇင်ဘာလ)မှ စတင်၍ စာပေလောကသို့ ဝင်ရောက်လာခဲ့သည်။ ၁၉၉၆-ခုနှစ်တွင် ရွက်နုဝေ ကာတွန်းဆုကို ရရှိခဲ့သည်။

၁၉၈၆-ခုနှစ် မှ ၁၉၉၆-ခုနှစ် အထိ ကာတွန်းဆရာဘဝဖြင့် ၁ဝ နှစ်နီးပါး ရပ်တည်ခဲ့သည်။အေအိုင်ဒီအက်စ် ရောဂါ တားဆီး ကာကွယ်ရေး လုပ်ငန်း(PSI)တွင် Communication Officer ရာထူးဖြင့် ဒီဇိုင်နာ တစ်ပိုင်း Officer တစ်ပိုင်းအလုပ်ရသွားသည်။

ယခု ချင်းအမျိုးသားပါတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။


ထုတ်ဝေခဲ့သော စာအုပ်များ

  1. ကယ်ရေကေချာ ရေးဆွဲနည်း။
  2. ကော်မစ်စတြစ် ကာတွန်းရေးဆွဲနည်း။
  3. မရယ်ရသော ကာတွန်းများ။
  4. တီထွင်ဖန်တီးကာတွန်းရေးဆွဲနည်း။
The contents of this page are sourced from Wikipedia article. The contents are available under the CC BY-SA 4.0 license.
Lists
Zo Zam is in following lists
comments so far.
Comments
From our partners
Sponsored
Zo Zam
arrow-left arrow-right instagram whatsapp myspace quora soundcloud spotify tumblr vk website youtube pandora tunein iheart itunes