Hanna Yuri
Quick Facts
Biography
ဟန်နာယူရီ သည် မြန်မာနိုင်ငံရှိ မိတ်ကပ်အလှဖန်တီးရှင်နှင့် ကြော်ငြာမော်ဒယ်တစ်ဦး ဖြစ်သည်။ သူမသည် Magic 4 မိတ်ကပ်စတူဒီယိုကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် နည်းပါးနေသေးသည့် ရုပ်ရှင် မိတ်ကပ်အထူးပြု လိမ်းခြယ်သူများထဲမှ တစ်ဦးဖြစ်သည်။
ငယ်ဘဝ
ဟန်နာယူရီအား ဇန်နဝါရီလ ၁၇ ရက်နေ့၊ ၁၉၉၃ ခုနှစ်တွင် တောင်ကြီးမြို့တွင် ဖွားမြင်ခဲ့သည်။ သူမသည် ငယ်စဉ်ကတည်းက မိတ်ကပ်ပညာကို စိတ်ဝင်စားခဲ့ပြီး အထက်တန်းအောင်မြင်သောအခါ ထိုင်းနိုင်ငံ သို့ သွားရောက်ပြီး ရုပ်ရှင်မိတ်ကပ်အထူးပြုပညာကို သင်ယူခဲ့သည်။
အနုပညာလမ်းကြောင်း
ဟန်နာယူရီသည် ပွဲဦးထွက်အနေဖြင့် ဝိညာဉ်စိမ်း ဇာတ်ကားအတွက် သရဲဇာတ်ကောင်မိတ်ကပ် အထူးပြုလုပ်ချက်ကို ဇာတ်ကား တစ်ကားစာ တာဝန်ယူပြင်ဆင်ပေးရန်အတွက် ကမ်းလှမ်းခံရသည်။ ထိုမှတစ်ဆင့် သူမပြင်ဆင်ထားသည့် မိတ်ကပ်ပုံများသည် အင်တာနက်တွင် ပျံ့နှံ့သွားကာ ပရိသတ်အားပေးမှုကို ရရှိခဲ့သည်။ သူမသည် မိတ်ကပ်ပညာရှင် ဖြစ်ရုံသာမက ကြော်ငြာမော်ဒယ် နှင့် ထိုင်းအလှကုန် ပစ္စည်းမော်ဒယ်အဖြစ်ပါ လုပ်ကိုင်သည်။ ဖက်ရှင်ရှိုးပွဲများလည်း လျှောက်သည်။ သီချင်းရုပ်ရှင်များတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပီး Myanmar Celebrity Media နှင့် ပူးပေါင်းတင်ဆက်ကာ ပြည်ပခရီးသွားအစီအစဉ်များကိုလည်း ရိုက်ကူးခဲ့သည်။
ဟန်နာယူရီသည် သူမ၏ရည်းစားဖြစ်သော ဘန်နီဖြိုး၏ သီချင်းဗီဒီယိုများဖြစ်သော နှစ်ပတ်လည် နှင့် မနက်၄နာရီ တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
သူမသည် Forever Young မည်သောအလှကုန်ပစ္စည်း ရောင်းချမှုကြောင့် ပြသနာပေါင်းများစွာ ဖြေရှင်းခဲ့ရပြီး လူပေါင်းများစွာရဲ့ ဝေဖန်ကဲ့ရဲ့မှုကိုခံခဲ့ရသည်။
လူနေမှုဘဝ
ဟန်နာယူရီ သည် မြန်မာအဆိုတော် နှင့် သရုပ်ဆောင် ဘန်နီဖြိုး နှင့် ၇နှစ်တာ လက်တွဲခဲ့သည်။၂၀၁၆ခုနှစ်တွင် အဆိုတော်ဘန်နီဖြိုး သည် အင်တာဗျူးတစ်ခုတွင် သူနှင့် ဟန်နာယူရီ တို့၏ ၇နှစ်တာရည်းစားဘဝသည် ပြီးဆုံးသွားပြီ ဖြစ်ကြောင်းဖြေကြားခဲ့သည်။သူမသည် ပြဿနာများဖြင့် ဘဝအခြေအနေ ခက်ခဲနေသောအချိန်တွင် ချစ်သူရဲ့စွန့်ပစ်ခြင်းကို ခံရသည်။
ကိုးကား
ပြင်ပလင့်ခ်များ
- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ဟန်နာယူရီ